■နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ

■နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ
Published 6 April 2026

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ယနေ့(ဧပြီ ၆ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက လွှတ်တော်သို့ဖတ်ကြားတင်ပြရာတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနမှာ နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားစီမံကိန်း ရင်းနှီးမြုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၊ ကျန်းမာရေး ဝန်ကြီးဌာန ၊ အမျိုးသမီး ရေးရာ ဝန်ကြီးဌာန ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အားကစားရေးရာ ဝန်ကြီးဌာန၊ လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဟိုတယ်၊ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာန ၃၁ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးခန့်အပ်ရန်လည်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချင်တင်မြှောက်ခံထားရသူက တင်ပြထားကြောင်းသိရသည်။

Most Read

Most Recent